အင်းဝအပ်ချုပ်ဆိုင်အမှု အများဆုံး ၁၆ နှစ်မှ အနည်းဆုံး ၉ နှစ်ထိ အမိန့်ချ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အိမ်ဖော်မိန်းကလေးအား ညှင်းပန်းနှိပ်စက်သည်ဟုဆိုကာ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်များကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ်အသီးအသီး ယနေ့ ချမှတ်လိုက်သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၊ မဆုမွန်လတ်တို့ကို လူကုန်ကူးမှု ဥပဒေ ပုဒ်မ (၂၄ နှင့် ၂၉) အရ တပေါင်းတည်း ၁၀ နှစ်စီ ကျခံစေပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၂၅) အပြင်းအထန် နာကျင်စေမှုအရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်၊ ပုဒ်မ (၃၄၄) အိမ်တွင်းပိတ်လှောင်စေမှုအရ ထောင်ဒဏ်(၁) လနှင့် ကလေးသူငယ် ဥပဒေပုဒ်မ (၆၆/ ဃ) အရ အလုပ်နှင့်ထောင်ဒဏ် (၁) နှစ်၊ နှစ်ဦးစလုံးကို (၁၆) နှစ်နှင့် (၁) လစီ အသီးသီး ချမှတ်လိုက်သည်။

ကိုရာဇာထွန်းကို လူကုန်ကူးရာတွင် အားပေးကူညီသဖြင့် အလုပ်နှင့်ထောင်ဒဏ်(၇) နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၂၅) အပြင်းအထန် နာကျင်စေမှုအရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ (၃၄၄) အိမ်တွင်းပိတ်လှောင်စေမှုအရ ထောင်ဒဏ ်(၁) လနှင့် ကလေးသူငယ် ဥပဒေပုဒ်မ (၆၆/ ဃ)အရ အလုပ်နှင့်ထောင်ဒဏ် (၁) နှစ်၊ ပေါင်း (၁၂) နှစ်နှင့် (၁) လ ချမှတ်လိုက်သည်။

ထို့ပြင် ကိုတင်မင်းလတ်ကိုလည်း လူကုန်ကူးရာတွင် အားပေးကူညီသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၇) နှစ်၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၃၂၃) သာမန်နာကျင်စေမှုအရ အလုပ်နှင့်ထောင်ဒဏ် (၁) နှစ်၊ ပုဒ်မ (၃၄၄) အိမ်တွင်းပိတ်လှောင်စေမှုအရ ထောင်ဒဏ် (၁) လနှင့် ကလေးသူငယ် ဥပဒေပုဒ်မ (၆၆/ ဃ) အရ အလုပ်နှင့်ထောင်ဒဏ် (၁) နှစ်၊ ပေါင်း (၉) နှစ် နှင့် (၁) လ ချမှတ်လိုက်သည်။

ထိုအမှုတွင်ပါဝင်သော ဦးကိုကိုလတ်နှင့် မသီရိလတ်တို့ကို ပြစ်မှုမထင်ရှားဟုဆိုကာ တရားရုံးမှ တရားသေလွှတ်ပေးလိုက်သည်။

၎င်းတို့နှစ်ဦးကို လိုက်ပါဆောင်ရွက်ပေးနေသော အထက်တန်းရှေ့နေ ဒေါ်နှင်းစုအောင်က “အဓိက အစ်မ ဖြစ်စေချင်တဲ့ဆန္ဒက အစ်မတို့ အမိန့်ချလိုက်တဲ့ တစ်နေ့မှာ မသီရိလတ်ကို သူ့သမီးလေး နှစ်ယောက်ရဲ့ ရင်ခွင်ထဲကို ပြန်ထည့် ပေးစေချင်တယ်၊ အဲဒီတော့ အခု အစ်မ ကြိုးစားခဲ့လိုက်တဲ့ဟာ အားလုံး အောင်မြင်သွားပြီ” ဟု အမိန့်ချအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့ပြင် “ကျန်တဲ့သူ လေးယောက်ကိုလည်း ဒီလောက်ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်မယ်လို့ လုံးဝမျှော်လင့် မထားဘူး” ဟု ၎င်းက ဆိုသည်။

ထောင်ဒဏ် (၁၃) နှစ်နှင့် (၁) လ အမိန့်ချခံရသည့် ကိုရာဇာထွန်း၏ မိခင်က “ကျွန်မသားမှာ ဘာအပြစ်ရှိလို့ ဒီလောက်ချရတာလဲ။ ခဏဆို ခေါ်ပြီး ၁၄ နှစ် ၁၅ နှစ် ချပစ်တယ်။ ကျေအေးပါတယ်ဆိုပြီး (နှိပ်စက်ခံရသည့် မိန်းကလေး မိသားစုကို) သိန်း ၅၀ လည်း ပေးလိုက်ရသေးတယ်” ဟု ပြောသည်။

သတင်း – ကောင်းဇော်ဟိန်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.