ခွေးငါးကောင် ဝိုင်းကိုက်သဖြင့် ပျော်ဘွယ်၌ ကလေးတစ်ဦး သေဆုံး

ပျော်ဘွယ်မြို့နယ်၌ ခွေးငါးကောင် ဝိုင်းကိုက်မှုကြောင့် အသက်လေးနှစ်အရွယ် မိန်းကလေးတစ်ဦး ယနေ့နံနက်ပိုင်းက သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဒီးဒုတ်ကုန်း ကျေးရွာတွင် နေအိမ်အပြင် ထွက်သွားသည့် အဆိုပါမိန်းကလေးငယ်အား နေအိမ်မှ ကိုက် ၅၀ အကွာရှိ ဓမ္မာရုံအနီးတွင် ခွေးလေခွေးလွင့်ငါးကောင်က ဝိုင်းကိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကလေးငယ်၏ ဦးခေါင်းတစ်ခုလုံး စုတ်ပြဲ၍ ခန္ဓာကိုယ် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ပြီး တိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံရောက်ရှိပြီး မိနစ် ၂၀ အကြာတွင် သေဆုံးသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့်များကို နေရာအနှံ့တွေ့မြင်နေရပြီး ခွေးကိုက်ခြင်းမှတစ်ဆင့် ခွေးရူးရောဂါကူးစက်ကာ သေဆုံးသူများလည်း နှစ်စဉ်ရှိနေသည်။

မြန်မာနိုင်ငံအား ခွေးရူးရောဂါအန္တရာယ ်အရှိဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ခန့်မှန်းမှုများအရ နှစ်စဉ် ခွေးကိုက်ခံရသူ ၆၀၀,၀၀၀ ခန့် ရှိနေပြီး သေဆုံးသူ ၁၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ခွေးလေခွေးလွင့်အရေအတွက် မည်မျှရှိသည်ကို တိကျစွာ မသိရှိရပေ။ သို့သော် နိုင်ငံပိုင်မီဒီယာတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာက ဖော်ပြချက်အရ ၂၀၀၃ ခုနှစ်တွင် ခွေးလေခွေးလွင့် ၃ ဒသမ ၄၈ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ယူကေနိုင်ငံမှ The Guradian သတင်းစာတွင် ပြီးခဲ့သည့်နှစ်က ဖော်ပြချက်အရ ရန်ကုန်တစ်မြို့တည်းမှာပင် ခွေးလေခွေးလွင့် ၁၂၀,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar