YBS ကို သုံးရက်အတွင်း အောင်မြင်စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်လို့ ဦးဖြိုးမင်းသိန်း ဝင့်ကြွား

ရန်ကုန်၊ မတ် ၁

ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်ဖြစ်သည့် YBS (Yangon Bus Service) ကို သုံးရက်အတွင်း အောင်မြင်စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ပြောကြားလိုက်ပါတယ်။

အစိုးရအဖွဲ့ကို တာဝန်ယူမှု တစ်နှစ်ပြည့်မြောက်မှုအတွက် သူရဲ့ Facebook စာမျက်နှာကနေ ပြောကြားခဲ့တဲ့ ဗီဒီယိုသတင်းစကားမှာ ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မထသအဖြစ် ပြေးစွဲလာခဲ့တဲ့ အနှစ် ၅၀ ကျော် ဆောင်ရွက်ခဲ့မှုတစ်ရပ်ကို ရပ်ဆိုင်းခဲ့ပါတယ်။ အပြောင်းအလဲက စနစ်အပြောင်းအလဲ ဖြစ်ပါတယ်။ YBS စနစ်ကို စတင်ခဲ့ပါတယ်။ ပြည်သူ ပူးပေါင်းပါဝင်မှုကြောင့် စနစ်တရပ်လုံးဟာ သုံးရက်တာကာလအတွင်း စနစ်တကျ ပြောင်းလဲနိုင်ခဲ့တယ်” လို့ သူ့ရဲ့ ငါးမိနစ်ကြာ သတင်းစကားမှာ ထည့်သွင်းပြောကြားသွားပါတယ်။