True Money ငွေလွှဲ ဝန်ဆောင်မှုကို စတင်မိတ်ဆက်

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်မည့် ဝန်ဆောင်မှုကို ထိုင်းနိုင်ငံ အခြေစိုက် Ascend Group မှ မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့်True Money နှင့် မြန်မာနိုင်ငံမှ AGD ဘဏ်တို့ ပူးပေါင်း၍ အောက်တိုဘာ ၁၃ ရက်နေ့က စတင် မိတ်ဆက်လိုက်သည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ၊ အထူးသဖြင့် ဘဏ်စာရင်း မရှိသူများနှင့် ဘဏ်များ ဖွင့်လှစ်ထားခြင်းမရှိသော ဒေသများတွင် အလုပ်လုပ်နေသူများအတွက် အဆိုပါ စနစ်ဖြင့် လွယ်ကူ မြန်ဆန်စွာ ငွေလွှဲနိုင်တော့မည်ဟု ရန်ကုန်မြို့တွင် ကျင်းပသည့် မိတ်ဆက်ပွဲတွင် ကြေညာခဲ့သည်။ ငွေလွှဲလိုသူများအနေဖြင့် မိမိတို့၏ ID ကဒ်ကို အသုံးပြု၍ ထိုင်းနိုင်ငံရှိ TrueMoney တရားဝင်ဆိုင်များတွင် ကိုယ်ပိုင်အကောင့်ဖွင့်ကာ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ပြီး မြန်မာနိုင်ငံရှိ TrueMoney Transfer ဆိုင်များတွင် ငွေထုတ်ယူနိုင်မည်ဖြစ်သည်။

TrueMoney Myanmar အနေဖြင့် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ ငွေလွှဲနိုင်မည့်နေရာ ၂၅၀ နှင့် မြန်မာနိုင်ငံတွင် ငွေထုတ်ယူနိုင်မည့်နေရာ ၆၈၁ နေရာရှိပြီး ဝန်ဆောင်ပေးနေသည်ဟုဆိုသည်။

ငွေလွှဲခများမှ ကျပ်တစ်သိန်းအတွက် ၆၅၀ ကျပ်မှ စတင်ကာ လွှဲပြောင်းသည့် ငွေကြေးပမာဏအလိုက် ကောက်ခံသွားမည်ဖြစ်သည်။

ဝန်ဆောင်မှုစတင်သည့် အထိမ်းအမှတ်အဖြစ် ယခု အောက်တိုဘာတစ်လလုံးအား ဝန်ဆောင်ခအခမဲ့ဖြင့် လွှဲပြောင်းပေးမည်ဖြစ်သည်။

သတင်း- ဖြိုးသီရိသူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar