Sea Lion ၏ Distribution Solutions Centre ကို ဒဂုံမြို့သစ်တောင်ပိုင်း၌ ဖွင့်လှစ်

အမေရိကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိ Distribution Solutions Centre (DSC) ကို မတ် ၂၅ ရက်နေ့တွင် Sea Lion Group က ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျန်စစ်သားစက်မှုဇုန်တွင်တည်ရှိသည့် အဆိုပါစင်တာသည် ၆,၈၇၀ စတုရန်းမီတာ ကျယ်ဝန်းပြီး မြေဧက ၈ ဒသမ ၇ ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

“DSC သည် မိမိတို့၏ နိုင်ငံတကာမိတ်ဖက်များ၏ တင်းကျပ်သော လိုအပ်ချက်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များ၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်ကဏ္ဍများ၏ စံနှုန်းများအတိုင်း ဆောက်လုပ်ထားပြီး မြန်မာနိုင်ငံတွင် ဆေးရုံသုံး တန်ဖိုးမြင့်စက်ပစ္စည်းများ၊ ခန္ဓာကိုယ်အတွင်း တပ်ဆင်ရမည့် ဆေးပစ္စည်းများ၊ တခါသုံးဆေးပစ္စည်းများနှင့် ဆေးဝါးများ အစရှိသည့် ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုးကို စနစ်တကျသိုလှောင်သိမ်းဆည်းရေးနှင့် သယ်ယူပို့ဆောင်ဖြန့်ဖြူးရေး တို့တွင် လစ်ဟာမှုမရှိဘဲ အကောင်းဆုံး ဝန်ဆောင်မှုနှင့် အာမခံမှုပေးနိုင်သည့် အဆောက်အဦးတစ်ခု ဖြစ်လာရန် ရည်ရွယ်ထားသည်” ဟု Sea Lion Group ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာဝင်းဇော်အောင်က ဖွင့်ပွဲအခမ်းအနား၌ ပြောကြားသည်။ 

၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Sea Lion Group သည် မြန်မာနိုင်ငံတွင် ကျန်းမာရေး  စောင့်ရှောက်မှု ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုအမျိုးမျိုး၊ ဇီဝသိပ္ပံဘာသာရပ်များ၊ နည်းပညာပိုင်းဆိုင်ရာ ပညာရေး၊ စက်ရုံတွင်းအလိုအလျောက်စနစ်နှင့် ထောက်ပံ့မှုအဆင့်ဆင့် ဝန်ဆောင်မှုများ ပေးအပ်နေသည်။ Sea Lion သည် GE ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ Medtronic ၊ Johnson & Johnson နှင့် BD စသည့် တစ်ကမ္ဘာလုံးမှ လုပ်ငန်းကြီး ၅၀ ကျော်နှင့် မိတ်ဖက် ပြုလုပ်ထားသည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar