Myanmar Entrepreneurship Summit ကို နေပြည်တော်၌ ကျင်းပမည်

မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (Myanmar Young Entrepreneurs Association) ကကြီးမှူး၍ Myanmar Entrepreneurship Summit 2016 ကို နေပြည်တော်တွင် ယခုလ ၂၂ ရက်နေ့၌ ကျင်းပရန် စီစဉ်ထားသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကာ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဝေဖြိုးက ပြောကြားသည်။

မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပမည့် အဆိုပါပွဲတွင် မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက သုတေသနပြုစုထားသော မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင် လုပ်ငန်းများနှင့် လုပ်ငန်းရှင်များ လက်ရှိတွေ့ကြုံနေရသော အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် အားနည်းချက်၊ အားသာချက်များအကြောင်း ရေးသားထားသည့် စာတမ်းကို အစိုးရတာဝန်ရှိသူများနှင့် ပြည်သူများအား ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။

“အခုပွဲမှာ ကျွန်တော်တို့က စွန့်ဦးတီထွင်လုပ်ငန်းတွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို အစိုးရကိုရှင်းပြမယ်။ ဒီလုပ်ငန်းတွေကနေ ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကိုလည်း ပြောပြပြီး စွန့်ဦးတီထွင်လုပ်ငန်းတွေကို အကူအညီပေးပါဆိုပြီး တိုက်တွန်းဖို့ရည်ရွယ်တယ်” ဦးဝေဖြိုးက ပြောသည်။

ထို့ပြင် အဆိုပါပွဲတွင် စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆုများ (Entrepreneur Award)ကိုလည်း ချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါဆုများကို အမျိုးအစားလေးမျိုးဖြင့် ဆု ၁၂ ဆု ချီးမြှင့်သွားမည်ဟု ဆုချီးမြင့်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဦးက ဆိုသည်။

ဆုအတွက် ရန်ကုန်တိုင်းဒေသကြီးမှ ၅၃ ဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ ခြောက်ဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ တစ်ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးမှ တစ်ဖွဲ့၊ စုစုပေါင်း ၆၁ ဖွဲ့ ယှဉ်ပြိုင်လျှောက်ထားကြောင်း သိရသည်။

သတင်း-ဖြိုးသီရိသူ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.