Myanmar Connects အတွက် လက်မှတ်အစောင် ၁၀၀ သာ ရောင်းချမည်

ရန်ကုန်၊ မတ် ၅

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်တွင် မတ် ၂၃ ရက်နေ့တွင် ကျင်းပမည့် TEDxInyaLake မှ Myanmar Connects အစီအစဉ်အတွက် လက်မှတ်အစောင် ၁၀၀ သာ ရောင်းချသွားမည်ဖြစ်သည်။

လက်မှတ်များကို အင်းယားလိပ်ဟိုတယ်၏ ဧည့်ခန်းမဆောင်တွင် မတ်လ ၁၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချသွားမည်ဖြစ်ကာ လက်မှတ်တစ်စောင်လ ျှင် ကျပ် တစ်သိန်း သတ်မှတ်ထားသည်။

လက်မှတ်အစောင်ရေ ၅၀ ကို ကျောင်းသားများနှင့် လူမှုအဖွဲ့ အစည်းများအတွက် အခမဲ့သီးသန့်စီစဉ်ပေးထားကြောင်း သိရသည်။

TEDxInyaLake တွင် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုများနှင့်အညီ နိုင်ငံတကာအသိုင်းအဝန်းနှင့် ချိတ်ဆက်နိုင်ရန် စာရေးဆရာများ၊ အနုပညာရှင်များ၊ ရုပ်ရှင်ရိုက်ကူးသူများ၊ စွန့်ဦး တီထွင်သူများနှင့် အခြားကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများက ပါဝင် ဆွေးနွေး ဟောပြောကြမည် ဖြစ်သည်။ ၎င်းတို့က နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲများကို နည်းပညာ၊ ဖျော်ဖြေရေး၊ လူမှုအဖွဲ့အစည်း၊ လူငယ်ရေးရာ၊ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်စသည့် ခေါင်းစဉ်များအောက်တွင် ပါဝင်ဆွေးနွေးတင်ပြကြရန် စီစဉ်ထားသည်။

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းမွန်ပေမယ့် ဖော်ထုတ်ခွင့် မရသေးတဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်များကို ဖော်ထုတ်ဖို့အတွက် မတူညီသော အယူအဆ၊ အသက်အရွယ်နှင့် ကျွမ်းကျင်မှုရှိသည့် နယ်ပယ်အသီးသီးတို့မှ အမျိုးသား၊ အမျိုးသမီး ခေါင်းဆောင်တွေကို ရွေးချယ်ထားပါတယ်” ဟု ပွဲစီစဉ်သူ မသီရိသန့်မွန်က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

TEDxInyaLake အနေနှင့် တိုးတက်ပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသော အခွင့်အရေးများကို အသုံးချပြီး မြန်မာကို ကမ္ဘာနှင့် ချိတ်ဆက်နိုင်ရန်အတွက် ပိုမိုမြန်ဆန် ကောင်းမွန်လာသော အင်တာနက်နှင့် လက်ကိုင်ဖုန်းသုံးစွဲမှုတို့ကတဆင့် အင်တာနက်ပေါ်မှ အခမဲ့ရရှိနိုင်သော အတွေးအခေါ်နှင့် အရင်းအမြစ်များကို မြန်မာနိုင်ငံသားများ သိရှိရယူနိုင်ရန် ရည်ရွယ်ထားသည်။

TEDxInyaLake ဖြစ်မြောက်အောင် ပြင်ဆင်ခဲ့သည်မှာ တစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံ၏ အနာဂါတ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေသည့် ကဏ္ဍနယ်ပယ်အသီးသီးမှ ဦးဆောင်သူများနှင့် စုစည်းဆက်သွယ်ခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယခုအစီအစဉ်ကို TED အဖွဲ့၏ ခွင့်ပြုချက်မှလွဲ၍ အခြားမည်သည့် အဖွဲ့အစည်း၏ ညွှန်ကြားချက်မပါပဲ ကျင်းပသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

TEDx ဆိုသည်မှာ ကမ္ဘာအနှံ့မှ ကောင်းမွန်သော စိတ်ကူးစိတ်သန်းရှိသူများ စုစည်းတွေ့ဆုံနိုင်စေပြီး မိမိတို့ ဒေသအလိုက် TED ကဲ့သို့ ဟောပြောပွဲများ ပြုလုပ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ထူထောင်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်ကာ မြန်မာနိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည့်အတွက် TEDxInyaLake ဟု အမည်ပေးထားခြင်း ဖြစ်သည်။

TED သည် ကောင်းမွန်သော အတွေးအခေါ်အယူအဆများ ပျံ့နှံ့စေရန်အတွက် အကျိုးအမြတ်မယူပဲ တစိုက်မတ်မတ် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ နယ်ပယ်ကဏ္ဍအသီးသီးမှ အတွေးအခေါ်ပညာရှင်များနှင့် ဦးစီးလုပ်ကိုင်ဆောင်ရွက်နေသော ပုဂ္ဂိုလ်များမှ အနှစ်သာရပြည့်ဝသည့် ဟောပြောမှုများမှတဆင့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းတို့ကို ဖြန့်ဝေနေသည်။ TED ၏ တရားဝင်လိုင်စင်ရယူပြီး မိမိတို့ဒေသတွင် TED ကဲ့သို့ ဟောပြောပွဲများကို TEDx အဖြစ် ကျင်းပကြလေ့ရှိသည်။

TED နှင့်ပတ်သက်၍ အခမဲ့ လွတ်လပ်စွာပါဝင်နိုင်သော အစီအစဉ် အများအပြားရှိသည်။ TED.com တွင် TED ဟောပြောပွဲ ဗွီဒီယိုအသစ်များကို နေ့စဉ်တင်ဆက်လျက်ရှိပြီး Open Translation Project တွင် ကမ္ဘာအနှံ့မှ ပါဝင်လုပ်အားပေးသူများက TED ဗွီဒီယိုများအတွက် ဘာသာပြန်စာတန်းထိုးခြင်း၊ ဟောပြောပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်းများကို မှတ်စုအနေဖြင့် ပြန်လည်ရေး သားခြင်းများပြုလုပ်ကာ ပါဝင်ကူညီကြသည်။ ပညာရေးနှင့် သက်ဆိုင်သောအစီအစဉ်များကို TED-Ed အနေဖြင့် သီးခြားတင်ပြလေ့ရှိသည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar