Episode122: ဆေးဝါးပစ္စည်းကိရိယာချို့တဲ့မှုရှိသည့် ကိုဗစ် ၁၉ ကုသမှု

ဒီတစ်ပတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးစနစ်က အဆင်သင့်ဖြစ်နေပြီလားဆိုတာကို ရှာဖွေတင်ဆက်သွားမှာဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ရောဂါပိုးတွေ တွေ့ရှိနေမှုနဲ့အတူ ဆေးရုံတွေမှာ ဝန်ထမ်းအလုံအလောက်ရှိရဲ့လား။ သီးခြားဆောင်တွေနဲ့ အသက်ရှုအထောက်အကူပြုစက်တွေရော ပြည့်စုံလုံလောက်ပါရဲ့လား။ တနိုင်ငံလုံးမှာရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒို့အသံက စကားပြောခဲ့ပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။