Episode107: မုံရွာမြို့ကထိန်းသိမ်းခံလူငယ်တွေရဲ့ဆင်းရဲဒုက္ခ

သီအိုရီသဘောအရမြန်မာနိုင်ငံရဲ့ကလေးသူငယ်အခွင့်အရေးဥပဒေသစ်က ထိန်းသိမ်းခံလူငယ်တွေအတွက် လုံခြုံမှုနဲ့ အကာအကွယ်တွေ ပိုမိုပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဥပဒေက အမြဲတမ်းထိရောက်မှုမရှိပါဘူး။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မုံရွာဂေဇက်နဲ့ ဒို့အသံတို့ဟာ လူကြီးအချုပ်ခန်းမှာ လူကြီးတွေနဲ့အတူနေထိုင်ပြီး သူတို့ရဲ့အစားသောက်တွေ အဆင်မပြေတဲ့အပြင် အချုပ်သားကြီးတွေရဲ့ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှုကိုပါ ခံနေရတဲ့ ထိန်းသိမ်းခံလူငယ်တွေအကြောင်း မုံရွာမြို့ကနေ သတင်းပေးပို့သွားမှာဖြစ်ပါတယ်။