Episode 97: မိုးကိုစောင့်နေတဲ့ စစ်ကိုင်းမှ လယ်သမားများ

စစ်ကိုင်းတိုင်းဒေသကြီးမှာ မကြာသေးခင်က မိုးခေါင်မှုတွေရှိခဲ့တာကြောင့် စပါးစိုက် လယ်သမားများ ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။ အစိုးရကတော့ မိုးရွာသွန်းမှုမရှိခဲ့တာနဲ့ပတ်သက်လို့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ပြစ်တင်ပြောဆိုပါတယ်။ လယ်သမားတွေကတော့ သူတို့အတွက် ရာသီဥတုနဲ့ သက်ဆိုင်တဲ့သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီရရှိနိုင်ဖို့ လိုအပ်နေပေမဲ့ အဲဒီ သတင်းအချက်အလက်အများစုက သူတို့ဆီကို မရောက်ရှိဘူးလို့ ပြောကြပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မုံရွာဂေဇက်နဲ့ ဒို့အသံတို့ဟာ ကောင်းကင်ကိုကြည့်ပြီး မိုးရွာဖို့ဆုတောင်းနေတဲ့ ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။