Episode 93: မွေးရပ်ဇာတိမြေကို ပြန်ရောက်လာတဲ့ လူကုန်ကူးခံရသူများ

အခုနှစ်အတွင်း တရုတ်နိုင်ငံကို လူကုန်ကူးခံရပြီး စစ်ကိုင်းတိုင်းဒေသကြီးကို ပြန်လည်ရောက်ရှိလာသူဦးရေ တစ်ရာကျော်ရှိနေပါပြီ။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မုံရွာဂေဇက်နဲ့ ဒို့အသံတို့ဟာ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝကို တရုတ်နိုင်ငံမှာ ရရှိမယ်လို့ ကတိပေးခံခဲ့ရပြီး တရုတ်နိုင်ငံရောက်ရှိချိန်မှာ စုတ်ချာတဲ့စက်ရုံတစ်ရုံမှာ အလုပ်ချိန်များစွာ လုပ်ကိုင်ရသော်လည်း လစာမရရှိခဲ့တဲ့ မုဆိုးမတစ်ဦးဖြစ်သူ ဒေါ်မိမော်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူက နည်းမျိုးစုံသုံးပြီး မြန်မာနိုင်ငံ ပြန်ရောက်အောင်လုပ်နိုင်ခဲ့ပေမဲ့ အဲဒီနိုင်ငံမှာ အထောက်အထားမရှိတဲ့ တခြားရွှေ့ပြောင်းလုပ်သားတွေ အများအပြား ကျန်ရှိနေသေးတယ်လို့ပြောပါတယ်။