Episode 91: အနောက်ဘက်နယ်စပ်မှပဋိပက္ခများကြောင့် ကျောင်းဆရာလိုအပ်မှုရှိနေ

မြန်မာနိုင်ငံရဲ့အနောက်ဘက်နယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် ပညာသင်ယူပိုင်ခွင့်အတွက် ထိခိုက်နစ်နာမှုတွေရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Chin World နဲ့ ဒို့အသံတို့ဟာ တိုက်ပွဲတွေကြောင့် ဆရာဆရာမတွေ အလွန်နည်းပါးနေတဲ့ ချင်းပြည်နယ်ရဲ့ အကြီးဆုံးမြို့နယ်တစ်ခုဖြစ်တဲ့ ပလက်ဝမြို့နယ်ကနေ သတင်းပေးပို့သွားမှာဖြစ်ပါတယ်။ ပလက်ဝမြို့နယ်ဟာ တခြားမြို့နယ်တွေထက် ကျောင်းတွေများပြားပေမဲ့ ဆရာဆရာမတွေကတော့ အဲဒီဒေသကို သွားရောက်တာဝန်ထမ်းဆောင်ဖို့ ကြောက်ရွံ့ကြသလို အဲဒီဒေသက ဆရာမတွေကလည်း ထွက်ပြေးတာတွေရှိပါတယ်။ ဒါ့အပြင် ပလက်ဝမြို့နယ်ဟာ နိုင်ငံအတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက်နှုန်း အဆိုးဝါးဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။