မွန်ပြည်နယ်က လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ မြင့်တက်လာတာကြောင့် မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပြီး အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ ဆင်းရဲမွဲတေမှုတွေက တိုးပွားလာပါတယ်။ ဒေသခံ အဖွဲ့အစည်းတွေကတော့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပညာပေးအစီအစဉ်တွေ ပြုလုပ်ဖို့ကြိုးစားနေပြီး အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာ ပိုမိုထောက်ပံ့ပေးဖို့ကိုလည်း လိုလားနေကြပါတယ်။ ဒါပေမဲ့ လုံလောက်မှုရှိပါ့မလား။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မွန်သတင်းဌာနနဲ့ ဒို့အသံတို့ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်မှုတွေရှိတဲ့ မွန်ပြည်သူတွေနဲ့ မျိုးဆက်သစ် လူငယ်တွေ မူးယစ်ဆေးစွဲခြင်းမှ ကာကွယ်ဖို့အတွက်လုပ်ဆောင်နေတဲ့ ဒေသခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဓလေ့အရ နာရေးအိမ်တွင် ထောင်သည့်ဖဲဝိုင်းများသည် ယခုအခါ လူမိုက်များဦးဆောင်သည့် ကြေးမြင့် လောင်းကစားဝိုင်းများ ဖြစ်သွားသည်။
Frontier ရေးသားသည်။