Episode 88: ကချင်ပြည်နယ်မှ အမျိုးသမီးများ လူကုန်ကူးခံရပြီး နှိပ်စက်ညှင်းပန်းခံကြရ

နှစ်ရှည်လများ ပဋိပက္ခဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှ ပြည်သူတွေအနေနဲ့ စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်နေရပြီး အဓိကပြဿနာကတော့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုပါပဲ။ အဲဒီလိုဖြစ်ပွားမှုတွေကြောင့် ဒေသခံတွေ၊ အထူးသဖြင့် အမျိုးသမီးတွေက အလုပ်အကိုင်အခွင့်အလမ်း ရရှိဖို့ တရုတ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ရင်း လူကုန်ကူးခံရမှုတွေနဲ့ အာဏာပိုင်တွေရဲ့ နှိပ်စက်ညှင်းပန်းခံရမှုတွေ ကြုံတွေ့နေကြပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မြစ်ကြီးနားသတင်းဂျာနယ်နဲ့ ဒို့အသံတို့က တရုတ်နိုင်ငံမှာ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေရဲ့မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့တွေက လူကုန်ကူးသူတွေကို အစိုးရအနေနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပြဋ္ဌာန်းပေးဖို့ တိုက်တွန်းတောင်းဆိုနေကြပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။