မြန်မာနိုင်ငံရဲ့ တောင်ဘက်စူးစူးမှာရှိတဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းနဲ့ဆက်နွယ်ပြီး ကျေးရွာပေါင်း ဒါဇင်များစွာဟာ မြေယာအငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Dawei Watch Media နဲ့ ဒို့အသံတို့ဟာ ဆီအုန်းစီမံကိန်းကြောင့် သူတို့ရဲ့ လယ်ယာမြေတွေကို မတရားသိမ်းယူခံထားရတယ်လို့ ပြောဆိုနေတဲ့ အဲဒီကျေးရွာတွေက ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုသိမ်းယူမှုတွေဟာ တိုင်းဒေသကြီးရဲ့ အနာဂတ်ကာလမှာ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ သူတို့ကဆိုပါတယ်။
မွန်ပြည်နယ်၊ ကျေးရွာတစ်ခုမှာ ကျောက်ထုတ်တဲ့ကုမ္ပဏီတစ်ခုကို မြေမရောင်းချင်တဲ့ ရွာသားတွေရဲ့ သောကကို ဒီတစ်ပတ်မှာ နားဆင်ကြရမှာပါ။