မြေယာသိမ်းဆည်းမှု ပြဿနာဟာ မြန်မာနိုင်ငံမှာတော့ ထူးခြားဆန်းသစ်တဲ့ အကြောင်းအရာတစ်ခု မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်က ရွာသားတွေကတော့ အစိုးရရဲ့စီမံကိန်းကြောင့် ၁၉၇၉ ခုနှစ်က သိမ်းဆည်းသွားတဲ့မြေတွေကို ပြန်ရအောင်ကြိုးစားနေကြပါတယ်။ မြေယာတွေကို သိမ်းဆည်းသွားပေမဲ့ ဒီစီမံကိန်းကတော့ အကောင်အထည်ပေါ်မလာသေးပါဘူး။ ကောလင်းမြို့နယ်က ကျေးရွာသားတွေကတော့ သူတို့ပိုင်ဆိုင်ခဲ့တဲ့ မြေယာတွေကို ပြန်ရဖို့အတွက် အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။
စစ်ကိုင်းတိုင်း၊ မြို့တော်မုံရွာတွင် ပစ်ခတ်ဖမ်းဆီးမှုများရှိလင့်ကစား စစ်တပ်အုပ်ချုပ်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကား ဆက်လက်တည်ရှိနေသည်။
Frontier ရေးသားသည်။