ဒီတစ်ပတ်မှာတော့ အိမ်တွင်းအကြမ်းဖက်ခံရသူတွေကို ကူညီပေးနေဖို့ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ စင်တာကနေ ဒု့ိအသံက သတင်းပေးပို့မှာ ဖြစ်ပါတယ်။
လွတ်လပ်စွာပြန်လည်ရှင်သန်ခြင်း အစီအစဉ်အရ ဖွဲ့စည်းထားတဲ့ ကူညီထောက်ပံ့ပေးရေးအဖွဲ့တွေက ရွှေ့ပြောင်းလုပ်သား မိခင်တွေအတွက် အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးနေသလို ရွေ့ပြောင်းလုပ်သားတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းတွေကိုသွားရောက်ပြီး ဆယ်ကျော်သက်ရွယ်ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဘယ်လိုခွဲခြားနိုင်သလဲဆိုတာတွေနဲ့ အဲဒါတွေကို ကိုယ်တိုင် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကိုပါ သင်ကြားပေးနေပါတယ်။
အဲဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။