Episode 79: နိုင်ငံရေးနယ်ပယ်က အမျိုးသမီးများ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်မှုက သိသိသာသာ နည်းပါးနေဆဲပါ။ ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှုဟာ ယှဉ်ပြိုင်တဲ့ကိုယ်စားလှယ် စုစုပေါင်းအရေအတွက်နဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်းအောက်မှာ ရှိတယ်လို့ ဆိုပါတယ်။

ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Mon News Agency နဲ့ ဒို့အသံတို့ဟာ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ဒေသက နိုင်ငံရေးလုပ်ဆောင်နေတဲ့ အမျိုးသမီးတစ်ချို့နဲ့ စကားပြောခဲ့ပြီး အမျိုးသမီးတွေ တက်တက်ကြွကြွပိုမိုပါဝင်လာနိုင်ဖို့ ဘယ်လိုတွေအားပေးနေကြသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။

ဒီဆောင်းပါးအပြည့်အစုံကို မြန်မာဘာသာ၊ မွန်ဘာသာတွေနဲ့ နားဆင်နိုင်ပါပြီ။

မြန်မာဘာသာ