Episode 76: ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲထားပေမယ့် တိုက်ပွဲတွေ ရှိနေသေး

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အစိုးရတို့အကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက လက်မှတ်ရေးထိုးခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း တပ်မတော်နဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ အခြားသော ကရင်လက်နက်ကိုင်အဖွဲ့ ငယ်များနဲ့လည်း တိုက်ခိုက်မှုတွေလည်းဖြစ်ပွားနေဆဲပါ။

ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ KIC ကရင်သတင်းဌာနနဲ့ ဒို့အသံတို့ဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်ေးရှာင်နေရတဲ့ စစ်ဘေးရှောင်တွေကို တွေဆုံဖို့အတွက် စစ်ဘေးရှောင်စခန်းကိုသွားရောက်ခဲ့ပြီး သူတို့မှာရှိတဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို နားထောင်ခဲ့ပါတယ်။

ဒီဆောင်းပါးအပြည့်အစုံကို မြန်မာဘာသာ၊ ကရင်ဘာသာတွေနဲ့ Youtube နဲ့ Soundcloud တို့မှာ နားဆင်နိုင်ပါပြီ။

မြန်မာဘာသာ