ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နားက ကျေးရွာတစ်ခုက ရွာသူ၊ ရွာသား ၉၀ ရာခိုင်နှုန်းခန့်မှာ အမည်မသိ ရောဂါတစ်ခုဖြစ်ပွားပြီးတဲ့နောက်မှာတော့ ရွာသူ၊ ရွာသားတွေရဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။
အဲဒီရွာမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ကိုင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဒီရောဂါကို ဆင်တုတ်ကွေးရောဂါလို့ သတ်မှတ်ထားပါတယ်။ နာမကျန်းဖြစ်ခဲ့တဲ့ ရွာသူ၊ ရွာသားအများစု ပြန်လည်ကောင်းမွန်လာပေမယ့် ရောဂါထပ်မံပြန့်ပွားနိုင်တဲ့အတွက် စိုးရိမ်နေကြဆဲဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ဒီရောဂါကို တိုက်ဖျက်ဖို့အတွက် အစိုးရဝန်ထမ်းတွေ အလုံအလာက် မရှိဘူးလို့ ပြောဆိုနေကြတဲ့ ရွာသူ၊ ရွာသားတွေကို ဒို့အသံရဲ့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Dawei Watch မီဒီယာက တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။