Episode 71: တရားရုံးဆုံးဖြတ်ချက်က ထားဝယ်က အယ်ဒီတာအတွက် အဟန့်အတားမဖြစ်

မြန်မာနိုင်ငံရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး မကြာသေးမီနှစ်တွေမှာ စဉ်းစားဆင်ခြင်စရာတွေ ပေါ်ပေါက်လာပါတယ်။ ထင်ရှားတဲ့အမှုတစ်ခုကတော့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နှိမ်နင်းမှုတွေအကြောင်း ရေးသားခဲ့တဲ့အတွက် ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တဲ့အမှု ဖြစ်ပါတယ်။

ပြည်တွင်းမှာရှိတဲ့သတင်းထောက်တွေဟာ နှောက်ယှက်ခြိမ်းခြောက်မှုတွေ၊ ညှင်းပန်းမှုတွေကိုလည်း အပါအဝင် ကြီးမားတဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ဖော်ပြခဲ့တဲ့ သရော်စာကြောင့် တနင်္သာရီအပတ်စဉ် ဂျာနယ် အယ်ဒီတာချုပ်ကို ထားဝယ်မြို့နယ်တရားရုံးက ပြီးခဲ့တဲ့လမှာ ဒဏ်ငွေ ကျပ် ငါးသိန်းချမှတ်ခဲ့ပါတယ်။

ဒီအမှုက တိုင်းပြည်ရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဘယ်လိုသက်ရောက်မှုရှိသလဲ ဆိုတာကို ယခုတစ်ပတ် တင်ဆက်သွားမှာဖြစ်ပါတယ်။