Episode 6 : လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ဘယ်လို ပြန်လည်တုန့်ပြန်ကြမလဲ

မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေ ကျယ်ကျယ်ပြန့်ပြန့်ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုတွေကို ကာကွယ်ကူညီပေးဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ အမျိုးသမီး ကိုယ်လုံပညာ သင်တန်းကို သတင်းထောက်ဇာနည်က သွားရောက်ပြီး ဒို့အသံအစီအစဉ်အတွက် ချဉ်းကပ် လေ့လာထားပါတယ်။

ဒါ့အပြင် ဒီတစ်ပတ်မှာတော့ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုတွေကို ဆန့်ကျင်ဖို့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ အမွန်းက တိုက်တွန်းထားတဲ့ စကားသံကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

အစီအစဉ်အဆုံးပိုင်းမှာတော့ ကိုယ်လုံပညာနဲ့ ပတ်သက်ပြီး တေးသံရှင် ဖြူသီရဲ့ “ဂျူဒို ခါးပတ်နက်” ဆိုတဲ့သီချင်းလေးကို နားဆင်နိုင်ပါတယ်။