မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နောက်ဆုံးဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကတော့ စက်တင်ဘာလကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ တိုက်ပွဲတွေကြောင့် မူလနေရာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထောင်ပေါင်းများစွာသော စစ်ဘေးရှောင်ပြည်သူတွေနဲ့ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယကို မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ ရုန်းကန်လှုပ်ရှားမှု အခက်ခဲတွေကို ဒို့အသံရဲ့မိတ်ဖက် မီဒီယာဖြစ်တဲ့ Child World Media က တင်ဆက်ထားပါတယ်။
ဒီဆောင်းပါးအပြည့်အစုံကို Youtube နဲ့ Soundcloud တို့ကနေ နားဆင်နိုင်ပါပြီ။