Episode 54: မြစ်ဆုံကနေ ရွှေ့ပြောင်းခဲ့ရသူတွေ (မြန်မာနှင့် ကချင်ဘာသာ)

အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းကို ပြီးခဲ့တဲ့အစိုးရ သက်တမ်းကတည်းက ရပ်နားထားခဲ့တာ ၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။

လက်ရှိအစိုးရက စီမံကိန်းကို ရှေ့ဆက်လုပ်၊ မယ်မလုပ်ဘူးဆိုတာကို မဆုံးဖြတ်သေးပေမယ့်လည်း အမေရိကန် ဒေါ်လာသန်းနဲ့ချီတန်ဖိုးရှိတဲ့ ဒီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေက မူလနေရာတွေကနေ ပြောင်းရွှေ့ခံထားရပါတယ်။

ဒီတစ်ပတ်မှာတော့ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပြောင်းရွှေ့ခံထားရတဲ့သူတွေကို ဒို့အသံက တွေ့ဆုံမေးမြန်းခဲ့ပြီး ပတ်ဝန်းကျင်အသစ်မှာသူတို့ရင်ဆိုင်နေရတဲ့အခက်ခဲတွေကိုလည်း နားထောင်ခဲ့ပါတယ်။

အခုအစီအစဉ်ကို မြန်မာဘာသာနဲ့ အပိုင်းနှစ်ပိုင်းခွဲ တင်ပြထားပြီး ကချင်ဘာသာနဲ့လည်း နားဆင်နိုင်ပါတယ်။

အပိုင်း (၁)