Episode 53: မိခင်နို့တိုက်ကျွေးခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားကြလဲ။ (အပိုင်း ၂)

မြန်မာနိုင်ငံမှာရှိတဲ့ မိခင်အများစုဟာ မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်ရော ကလေးငယ်အတွက်ပါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ အထူးသဖြင့် မိခင်နို့ဟာ ကလေးငယ်တွေအတွက် မကြာခဏ ဖျားနာခြင်းမှ လျော့ချပေးနိုင်သလို၊ သို့မဟုတ် ရေရှည်ကျန်းမာရေး တိုးတက်ကောင်းမွန်ဖို့လည်း အထောက်အကူညီပြုစေနိုင်တာတွေကို သတိမထားမိတတ်ကြပါဘူး။

အဲဒီလို သတိမထားမိတာဟာ ကလေးနို့မှုန့်လို့ လူသိများတဲ့ မိခင်နို့အစားထိုး ရောင်းချတဲ့ကုမ္ပဏီတွေရဲ့ ဈေးကွက်မြှင့်တင်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။

မိခင်လောင်းတွေဟာ မိခင်နို့တိုက်ကျွေးခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားကြလဲ။ နို့မှုန့်ကုမ္ပဏီကြီးတစ်ချို့ရဲ့ ဈေးကွက်နည်းဗျူဟာတွေနဲ့ပတ်သက်ပြီး ရှာဖွေတင်ဆက်ထားမှုတွေကို ဒို့အသံက အပိုင်းနှစ်ပိုင်းခွဲပြီး တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အပိုင်း(၂)ကိုလည်း ဆက်လက်ဖော်ပြထားပါတယ်။