Episode 52 – ချင်းဒုက္ခသည်တွေ ပြန်လာရတော့မှာလား

မြန်မာနိုင်ငံကနေ ပြည်ပကို ရောက်ရှိနေကြတဲ့ ချင်းလူမျိုး ဒုက္ခသည်တွေကို အကူအညီပေးမှုတွေကို ရပ်ဆိုင်းလိုက်တယ်ဆိုပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန်လထဲမှာ ကြေညာလိုက်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ချင်းလူမျိုးတွေအကြား ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပါတယ်။

ဒီတစ်ပတ်မှာတော့ သူတို့ပြန်လာမယ်ဆိုရင် သူတို့ ဘေးအန္တရယ်ကင်းကင်းနဲ့ လုံခြုံစွာ ပြန်လာနိုင်ဖို့နဲ့ ပြန်လည်ရောက်ရှိပါက အလုပ်အကိုင်အခွင့်လမ်း မရှိမှု စတဲ့ စိုးရိမ်ပူပန်မှုတွေ အပါအဝင် အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာ ရောက်ရှိနေတဲ့ ချင်းအဖွဲ့အစည်းတွေကို ဒို့အသံက တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီဆောင်းပါးအပြည်အစုံကို နားဆင်နိုင်ပါပြီ။