Episode 4: အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ခံရမှုအန္တရာယ်

ဒီတပတ်မှာတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အန္တရာယ်အကြောင်းကို တင်ဆက်ပေးသွားမှာပါ။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး တင်ပြမှုတွေ နည်းပါးပေမယ့် ပျမ်းမျှ မြန်မာအမျိုးသမီး လေးယောက်မှာ တစ်ယောက်ဟာ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြုံတွေ့နေရတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

ဒီလိုဖြစ်ရပ်တွေက အိမ်မှာတင်မဟုတ်ပဲ၊ ဘတ်စ်ကားပေါ်မှာ၊ လမ်းပေါ်မှာအပြင် လုပ်ငန်းခွင်အချို့မှာပါ ဖြစ်ပွားနေတယ်ဆိုတာကို သောတရှင်တို့နားဆင်ကြရမှာပါ။