Episode 38: လိင်အလုပ်သမတွေအတွက် လူ့အခွင့်အရေး

မြန်မာနိုင်ငံမှာရှိတဲ့ လိင်အလုပ်သမားများအတွက် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြောင်းလဲဖို့ ၂၀၁၃ ခုနှစ်က လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီအမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် တက်ကြွလုပ်ရှားတဲ့ အဖွဲ့တွေကတော့ ဥပဒေအသစ်မှာ ပြည့်တန်ဆာတွေအတွက် အခွင့်အရေး ပိုမိုရရှိမှုတွေ၊ အကာကွယ်ပေးမှုတွေ ရှိလာလိမ့်မယ်လို့ ပြောဆိုနေကြပါပေမယ့် အဲဒီ်ဥပဒေက နှစ်အနည်းငယ်ကြာတဲ့အထိ ချောင်ထိုးခံနေရဆဲဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ ဒို့အသံက လိင်အလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံပြီး သူတို့ကြုံတွေ့နေရတဲ့ အခက်ခဲတွေ၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရမှုတွေ ၊ကျန်းမာရေးပြဿနာတွေနဲ့ တစ်ခါတစ်ရံမှာ တာဝန်ရှိသူတွေတစ်ချို့ရဲ့လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ခံနေရတဲ့ အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။

ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။