Episode 36: မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိ

ဒီတစ်ပတ်မှာတော့ မွေးကတည်းက ခြေထောက်ကို အသုံးမပြုနိုင်တဲ့ ကိုကံထူးအောင်ကို မွန်ပြည်နယ်ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။

သူဟာ သူ့ဒေသအသိုင်းအဝိုင်းမှာ ဆေးဝါးစောင့်ရှောက်မှုတွေကို ပံ့ပိုးဆောင်ရွက်ပေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သ့ူအတွက်စိန်ခေါ်မှုတွေများပြားနေပေမယ့်လည်း အဲဒီအရာတွေက သူတပါးကိုကူညီနေတဲ့ သူ့ကို မဟန့်တားနိုင်ပါဘူး။

ယခုအစီအစဉ်မှာတော့ ယုံကြည်မှုရှိစွာနဲ့ပြောထားတဲ့ သူရဲ့သဘောထားတွေကို နားဆင်ရမှာဖြစ်သလို သူ့မိသားစုဝင်တွေနဲ့ သူကူညီခဲ့တဲ့သူတွေကို တွေ့ဆုံးမေးမြန်းမှုတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။ ဒီဆောင်းပါး အပြည့်အစုံကို နားဆင်ကြည့်ပါ။