Episode 35: HIV/AIDS အိပ်မက်ဆိုး

မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရတဲ့ သူတွေအပေါ် အမြင်တွေက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ပြောင်းလဲလာပါတယ်။ ဒါပေမဲ့ သူတို့တွေ အလုပ်အကိုင်ရရှိဖို့ ကြိုးစားတဲ့ အခါမှာတော့ အဲဒီလို ကူးစက်ခံရမှုအပေါ် အမည်းစက်တစ်ခုလို မြင်တာမျိုးကတော့ ရှိနေဆဲပါ။

ဒီတစ်ပတ်မှာတော့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်ရရှိဖို့အတွက် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရတာကို ဖုံးကွယ်ထားရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ထိတ်လန့်ဖွယ် ဖြစ်ရပ်ကို နားဆင်ရမှာပါ။

ဒါအပြင် နှစ်ပေါင်း ၁၃ နှစ်ကြာ ဇနီးသည်ကို ဖွင့်မပြောခဲ့တဲ့ ရောဂါသည် ခင်ပွန်းတစ်ဦးရဲ့အကြောင်းနဲ့ တက်တူးထိုးရာက တဆင့် အိပ်ချ်အိုင်ဗွီ ကူးစက်ခံရတဲ့ကလေးငယ်ရဲ့ အိမ်မက်တွေကိုလည်း လေ့လာရမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။