Episode 29: အားနည်းသူမိန်းကလေးတွေကို အဓမ္မပြုကျင့်မှုနဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွ့ဲက ကိုင်တွယ်မှု

ယခုတစ်ပတ် ဒို့အသံအစီအစဉ်မှာတော့ အပိုင်းနှစ်ပိုင်းကို နားဆင်ရမှာဖြစ်ပါတယ်။

ပထမတစ်ပိုင်းကတော့ အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်တာဖြစ်ပြီး ဒုတိယတစ်ပိုင်းမှာတော့ ငြိမ်းချမ်းရေး ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ကိုင်တွယ်ပုံနဲ့ ပတ်သက်ပါတယ်။

သတင်းမီဒီယာနဲ့ လူမှုကွန်ယက် အားကောင်းလာတဲ့နဲ့အမျှ အဓမ္မပြုကျင့်ခံရမှုတွေနဲ့ ပတ်သတ်ပြီး သတင်းဖော်ပြမှုတွေ ပိုမို များပြားလာပါတယ်။

ဒါပေမဲ့ ကိုယ်လက်အင်္ဂါ၊ သို့မဟုတ် စိတ်ကျန်းမာရေးအခြေအနေ ချို့တဲ့နေတဲ့ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေကိုတော့ ရေးသားဖော်ပြမှု အားနည်းနေဆဲပါ။

ဒီလိုဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတဲ့သူနှစ်ဦးကို ဒို့အသံက ဒီတစ်ပတ်မှာ တွေ့ဆုံမေးမြန်းထားပြီး ဒီလို ရွံရှာဖွယ် ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာတွေကိုလည်း လေ့လာကြရမှာ ဖြစ်ပါတယ်။

နောက်ပြီး ဒီလို ဆိုးရွားတဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့သူတွေကို ဘယ်လို ကူညီထောက်ပံ့တာမျိုးရှိသလဲ ဆိုတာကိုလည်း နားဆင်ကြရမှာပါ။

ဒုတိယပိုင်းမှာတော့ မကြာသေးခင်က ရန်ကုန်မှာ ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲတွေကို ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းမှု ဖြစ်ပွားခဲ့တဲ့အပေါ် ပြည်သူတွေရဲ့ အမြင်ကို နားဆင်နိုင်ကြပါတယ်။

အပိုင်း (၁)