Episode 26: မြန်မာနိုင်ငံမှာ မိဘမဲ့ကလေးတွေ ပိုမိုများပြားလာ

မြန်မာနိုင်ငံမှာ မိဘမဲ့ကလေး အရေအတွက်က တနေ့တခြား ပိုတိုးလာနေပါတယ်။ သားဆက်ခြားမှုနဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းပါးတာ၊ လူမှုရေးအရ လွတ်လပ်ခွင့် ပိုကြီးမားလာတာ၊ ကလေးဖျက်ချတာက တရားမဝင် လုပ်ရပ်တစ်ခု ဖြစ်နေသေးတာ၊ သားသမီးထိန်းကျောင်းမှုအပေါ် မြန်မာပြည်ရဲ့ ထုံးတမ်းစဉ်လာတွေ စတဲ့အချက်တွေက ဒီပြသာနာ ပိုမိုကြီးထွားလာစေတဲ့ အဓိကအချက်တွေပါ။

ဒီတစ်ပတ်မှာကတော့ အသက်ငယ်ငယ်နဲ့ မိခင်ဘဝရောက်ရှိခဲ့တဲ့ သူအချို့ကို သူတို့ဘာကြောင့် ကိုယ့်ကလေးကို မိဘမဲ့ဂေဟာတွေမှာ စွန့်ပစ်တာမျိုးလုပ်ခဲ့ရတာလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဒို့အသံ အဖွဲ့သားတွေက တွေ့ဆုံမေးမြန်းထားပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မိဘမဲ့ကလေးငယ် အရေအတွက် ဘယ်လောက်ထိ တိုးလာသလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း တင်ဆက်ပေးထားပါတယ်။

နားဆင်ကြည့်ပါ။