ဒီတစ်ပတ်မှာတော့ တာဝန်ထမ်းဆောင်လို့ ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီး မစ္စတာအင်ဒရူးပတ်စ်ထရစ်နဲ့ တွေ့ဆုံမေးမြန်းထားမှုကို နားဆင်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လွန်ခဲ့တဲ့ ငါးနှစ်အတွင်းကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့သံတမန်တွေကြားမှာ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်တဲ့ မစ္စတာ အင်ဒရူးပတ်ထရစ်ဟာ မြန်မာနိုင်ငံရဲ့ အနိမ့်အမြင့်အပြောင်းအလဲတွေကို ကိုယ်တိုင် တွေ့မြင်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ဦးသိန်းစိန်အစိုးရရဲ့နောက်ဆုံးနေ့ရက်တွေ၊ မြန်မာနိုင်ငံရဲ့၂၀၁၅ ခုနှစ် သမိုင်းဝင်ရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပထမခြေလှမ်းကို လျှောက်လှမ်းသွားနေချိန်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ကြုံတွေ့ခဲ့ရသူလည်း ဖြစ်ပါတယ်။