Episode 21: ပြန်လည်အသုံးပြုနိုင်တဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ

ဒီတစ်ပတ်မှာတော့ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကို အမျိုးသမီးထုတွေ ပိုမိုလက်လှမ်းမီဖို့အတွက် ကျေးလက်နေ အမျိုးသမီးတွေက ပူးပေါင်းလုပ်ဆောင်နေတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာပါ။

သူတို့တွေ ထုတ်လုပ်တဲ့ ပိတ်စနဲ့လုပ်တဲ့ လစဉ်သုံးပစ္စည်းတွေက ပြန်လည် လျှော်ဖွပ်ပြီး အသုံးပြုနိုင်တဲ့အတွက် ကုန်ကျစရိတ်သက်သာတဲ့အပြင် ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပါဘူး။ ဒါ့အပြင် ဒီလို ပစ္စည်းတွေက ရွှေ့ပြောင်းနေထိုင်ကြသူတွေနဲ့ ကျေးလက်နေအမျိုးသမီးတွေအတွက် ပိုမို အကျိုးရှိစေတယ်လို့လည်း ပြည်သူ့ ကျန်းမာရေးအရာရှိအချို့က ပြောကြားကြပါတယ်။

ဒီအကြောင်းကို YouTube နဲ့ Soundcloud မှာ နားဆင်နိုင်ပါပြီ။