Episode 20: ရန်ကုန်မြို့က အမျိုးသမီးတွေရဲ့ လုံခြုံရေး

ရန်ကုန်မြို့မှာ အသက် ၂၆ နှစ် အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတဲ့အမှုအပြီး မြို့နေ အမျိုးသမီးလူထုအကြား လုံခြုံရေးနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေ တိုးလာနေပါပြီ။

လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုနဲ့ အကြမ်းဖက်မှုတွေက မထူးဆန်းတော့ပေမယ့် မုဒိမ်းမှု အရေအတွက်ကတော့ မြင့်တက်လာတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ ဒါအပြင် ရန်ကုန်မြို့ထဲမှာ ညဘက်မှုခင်းဖြစ်မှုနှုန်းကလည်း တိုးလာပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်တွေအပေါ် ကျူးလွန်တဲ့အမှုတွေကို ပိုမိုကြားသိလာရပါတယ်။

ဒီလိုမျိုး ရန်ကုန်မြို့နေ အမျိုးသမီးတွေရဲ့ ဘဝ မလုံမခြုံဖြစ်လာတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဒို့အသံက တင်ပြထားပါတယ်။