Episode 2: မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ဘယ်လိုရှိနေလဲ။

မင်္ဂလာပါ။

“ဒို့အသံ” အစီအစဉ်အပိုင်း(၂) ထုတ်လွှင့်မှုကနေ ကြိုဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်းက ကျွန်မတို့ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်အစီအစဉ်အပိုင်း (၁)ကို နားဆင်ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။

ဒီအပတ်မှာတော့ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်တဲ့ အစိုးရသစ်ရဲ့ နှစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေနေတွေ ပိုမိုကောင်းမွန် လာသလား ၊ ဒါမှမဟုတ် ပိုမိုဆိုးဝါးသွားသလား ဆိုတာကို ဒို့အသံအစီစဉ်က ချဉ်းကပ်ရှာဖွေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

“ဒို့အသံ”ရဲ့ အစီစဉ်အပိုင်း(၂)မှာလည်း ပြည်သူလူထုရဲ့ စကားသံတွေ၊ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ လူ့အခွင့်ရေးကျွမ်းကျင်သူတွေရဲ့ အမြင်တွေ ကို နားဆင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အဆိုးအကောင်းဒွန်တွဲနေတဲ့ လူ့အခွင့်အရေးအခြေနေတွေကိုလည်း တင်ဆက်သွားမှာ ဖြစ်လို့ စောင့်မျှော် အားပေးကြပါအုံးလို့ ဖိတ်ခေါ်ပါရစေ။