Episode 19: တနင်္သာရီတိုင်းဒေသကြီးက မြေယာပြဿနာ

မင်္ဂလာပါရှင်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး အပတ်စဉ် Podcast အစီအစဉ် ဖြစ်တဲ့ ဒို့အသံ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်မကတော့ ဇာနည်ပါ။

တိုင်းရင်းသားတွေအတွက် မြေယာအခွင့်အရေးတွေဟာ တနေ့ထက် တနေ့ ပိုပိုပြီး အငြင်းပွားဖွယ် ကိစ္စတစ်ခု အသွင် ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတွင်းက နေရာတော်တော်များများက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဖော်ဆောင်ဖို့ ပစ်မှတ်ထားခံလာရလို့ပါ။

လွန်ခဲ့တဲ့နှစ်တွေကတည်းက စပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တောအသုံးပြုမှုအပေါ် ကန့်သတ်မှုနဲ့ မြေယာအသိမ်းခံရမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အဲ့ဒီမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့အသက်မွေးဝမ်းကြောင်းအပေါ် ခြိမ်းခြောက်မှုတစ်ခု အနေနဲ့ တွေ့ကြုံနေရပါတယ်။

ဒီဆောင်းပါး အပြည့်အစုံကို သတင်းထောက်ဆုမြတ်မွန်က တင်ဆက်ပေးထားပါတယ်။