မြန်မာတစ်နိုင်ငံလုံးက ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖို့အချိန် ရောက်လာပါပြီ။
ဒီတစ်ပတ်မှာတော့
- တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ရောဂါအနှစ်ချုပ်။
- ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းမှာ သုံးစွဲဖို့အသင့်ဖြစ်လောက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော။
- ဘားအံက သံလွင်တံတားနဲ့ မြဝတီမြို့နယ်စပ်ကုန်သွယ်ရေးဇုန်တွေမှာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို Test Kit တွေနဲ့စစ်ဆေး။
- ကိုဗစ်-၁၉ကြောင့် ထားဝယ်သပိတ်မျှောပွဲ ကျင်းပဖို့မရေမရာဖြစ်နေ။
- ဖလမ်းမြို့မှ ကလေး၊ ဟားခါး ပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်းများအားလုံး ပြေးဆွဲမှုယာယီရပ်နား။
- ကျောက်မဲမြို့က စစ်ဘေးရှောင်တွေ ကိုဗစ်-၁၉ မကူးစက်ရေး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို လိုက်နာဖို့ခက်ခဲနေ။
- ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ကို ဝင်ထွက်သွားလာခွင့်ပိတ်။
- စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတွေမှာ မဲဆွယ်စည်းရုံးခြင်းနဲ့ စည်းရုံးဆွဲဆောင်ပြုမှု မလုပ်ဖို့ ရေးမြို့နယ် စည်ပင်သာယာအဖွဲ့ တားဆီး။
- ကုန်တင်ယာဉ်မောင်းတွေ စစ်ဆေးဖို့ မုံရွာ၊ စစ်ကိုင်းနဲ့ ရွှေဘိုမှာ အဆောက်အဦးတွေ ပြင်ဆင်။
စတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းများကို နားဆင်နိုင်ပါပြီ။