Episode 18: သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေး

မင်္ဂလာပါ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Podcast အစီအစဉ် ဖြစ်တဲ့ ဒို့အသံအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်မကတော့ ဇာနည်ပါ။

သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရတာက ပြည်တွင်းမှာတော့ ခက်ခဲတဲ့ အခြေအနေတစ်ရပ် ဖြစ်လာပါပြီ။

ဒီလိုကိစ္စတွေထဲမှာ အများစုကတော့ ငွေကြေးပြဿနာကြောင့် သက်ကြီးရွယ်အိုတွေအနေနဲ့ မိသားစုကို စွန့်ခွာသွားကြဖို့ တွန်းအားပေးခံကြရပါတယ်။

အဲဒီထဲက သက်ကြီးရွယ်အို တစ်ချို့ကတော့ လမ်းမပေါ်မှာ မိသားစုအတွက် တောင်းရမ်းရင်း ဘဝရဲ့ နေဝင်ချိန်တွေကို ခက်ခဲ ပင်ပန်းစွာ ကုန်ဆုံးကြရပါတယ်။

အချို့ကတော့ ဒီလိုသက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရေးဂေဟာတွေကို ပို့လိုက်ကြပြန်ပေမယ့် တစ်ချို့ဂေဟာတွေက သေသေချာချာ လည်ပတ်နေတာမျိုး မဟုတ်တဲ့အပြင် ငွေကြေးအင်အားပံ့ပိုးတာ တွေလည်း နည်းပါးတဲ့အတွက် အဖိုးအဖွားတွေက သူတို့ရဲ့ နေဝင်ချိန်တွေကို ချို့ချို့ငဲ့ငဲ့နဲ့ ဖြတ်သန်းကြရပြန်ပါတယ်။

ဒီဆောင်းပါးအပြည့်အစုံကို တင်ဆက်ပေးထားတဲ့ ဒို့အသံ Podcast အစီအစဉ်ကို Soundcloud နဲ့ Youtube တို့မှာ နားဆင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။