Episode 17: ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း

မင်္ဂလာပါရှင်။

Frontier Myanmar က အပတ်စဉ် တင်ဆက်ပေးနေတဲ့ ပြည်တွင်းရဲ့ ပထမဆုံးအပတ်စဉ် အွန်လိုင်း အသံလွှင့် အစီအစဉ် ဖြစ်တဲ့ ဒို့အသံ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်မကတော့ ဇာနည်ပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မျိုးစုံနဲ့ များစွာရှုတ်ထွေးနေပြီး ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ်ကစတင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်လာခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးတာ၊ ပြင်းထန်စွာဒဏ်ရာရရှိမှုတွေ ဖြစ်ခဲ့သလို နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မြန်မာနိုင်ငံ အရှေ့မြောက်တစ်လျှောက်မှာလည်း လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ် ။ အဲဒီဒေသတွေမှာရှိတဲ့ မြေမြှပ်မိုင်းတွေကြောင့်လည်း လူပေါင်းများစွာသေဆုံးခဲ့ရသလို ကိုယ်လက်အင်္ဂါ တွေ ချို့တဲ့ခဲ့ရပါတယ်။

ဒီဆောင်းပါးအပြည့်အစုံကို အထက်က တင်ဆက်ပေးထားပါတယ်။