Episode 16: အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေရဲ့ ကျန်းမာရေး

မင်္ဂလာပါ။

Frontier က အပတ်စဉ် တင်ဆက်ပေးနေတဲ့ ပြည်တွင်းရဲ့ ပထမဆုံးအပတ်စဉ် အွန်လိုင်း အသံလွှင့် အစီအစဉ် ဖြစ်တဲ့ ဒို့အသံ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေး အကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ဆက်ပေးနေတာပါ။

ဒီတစ်ခေါက်မှာတော့ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေက အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ တင်ပြထားပါတယ်။

အကျဉ်းထောင်တွေဆိုတာ ဆိုးရွားတဲ့ နေရာတွေပါ။ ဒီနေရာတွေဟာ ယိုယွင်းနေပြီး လူအင်မတန်များပြားတဲ့အပြင် တစ်ခါတစ်ရံမှာလည်း အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

အကျဉ်းထောင်တွေဟာ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ကျဉ်းကျပ်တဲ့ အနေအထား၊ ချို့တဲ့သော အစားအစာကျွေးမွေးပုံတွေက အကျဉ်းသားတွေအတွက် နာတာရှည်ကျန်းမာရေး ပြဿနာတွေ ရရှိလာပြီး ထောင်က ထွက်လာတဲ့ အချိန်ထိတောင် ရောဂါတွေ ပါသွားတတ်ပါတယ်။

အရင်က အကျဉ်းသားတွေအနေနဲ့သူတို့ရဲ့ ကျန်းမာရေးပြဿနာတွေအပေါ် ဘယ်လို ကုသမှုတွေ ရရှိခဲ့သလဲ ဆိုတာနဲ့ အခုလက်ရှိ အကျဉ်းထောင်တွေမှာ ဘယ်လို အဆင့်မြှင့်တင်ပေးထားလဲ ဆိုတာကို ဒို့အသံက တင်ဆက်ပေးထားပါတယ်။