ဒီတစ်ပတ်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ ရဲတပ်ဖွဲ့ဝင်တစ်ချို့ဟာ အဖိုးအိုတစ်ဦးနဲ့ သူ့ရဲ့အသက်ခုနှစ်နှစ်အရွယ်အရွယ်မြေးတို့ကို ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ကလေးငယ်ကို မိဘအုပ်ထိန်းသူမပါဘဲ ခေါ်စစ်ခဲ့သလို ခိုးတယ်လို့ဝန်ခံအောင် ဖိအားပေးခံခဲ့ရတယ်လို့ မိသားစုကဆိုပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။
ဒို့အသံအစီအစဉ်ဟာမြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေကို တင်ဆက် ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ နိုင်ငံတဝှမ်းက မိတ်ဖက်မီဒီယာတွေက တင်ဆက်ထားတာဖြစ်ပါတယ်။ ဒို့အသံအစီအစဉ် ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံး နဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်း ဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။