အစိုးရကိုဗစ်-၁၉ထောက်ပံ့မှုတွေကို အခြေခံလူတန်းစားတွေကိုပေးရာမှာ အလွဲသုံးစားမှုတွေ ရှိတယ်လို့ မြစ်ကြီးနားက ပြည်သူတွေကပြောပါတယ်။ တစ်ချို့သူတွေက အစိုးရက ပေးတဲ့ပမာဏအတိုင်း စာရွက်တွေပေါ်မှာလက်မှတ်ရေးထိုးရပေမဲ့ တကယ့်မြေပြင်မှာတော့ အဲဒီငွေရဲ့တစ်ဝက်သာ ရရှိပါတယ်။ ဒီအကြောင်းကို အခုတစ်ပတ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒို့အသံအစီအစဉ်ဟာမြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ နိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေက တင်ဆက်ထားတာဖြစ်ပါတယ်။ ဒို့အသံအစီအစဉ် ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံး နဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်း ဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။