မွန်ပြည်နယ်က သစ်သီးခြံရှင်တွေဟာ ဝင်ငွေကျဆင်းတဲ့ အကျပ်အတည်းကာလကို ရင်ဆိုင်နေရပါတယ်။ ကိုဗစ်-၁၉ကာလ အသွားအလာစည်းကမ်း တင်းကျပ်တာနဲ့ ဈေးတွေမကျစဖူးကျတာကြောင့် သစ်သီးတွေ ရောင်းမထွက်ဘဲ ပုပ်ကုန်ပါတယ်။ အစိုးရက စိုက်ပျိုးရေးလုပ်ငန်းတွေကို ကိုဗစ်ချေးငွေထုတ်ချေးပေးနေပေမဲ့ မွန်ပြည်နယ်ကစိုက်ပျိုးရေးလုပ်ငန်းတွေကတော့ချေးငွေယူဖို့ သတ်မှတ်အရည်ချင်းနဲ့ မကိုက်ညီဘဲ ဖြစ်နေကြပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကိုနားဆင်နိုင်ပါပြီ။
ဒို့အသံအစီအစဉ်ဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေကို တင်ဆက် ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ နိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေက တင်ဆက်ထားတာဖြစ်ပါတယ်။ ဒို့အသံအစီအစဉ် ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။