ဒီတစ်ပတ်မှာတော့ ဒို့အသံက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးဖော်ရာအရပ်မှာ လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းက မြေစာပုံပြိုကျမှုအပြီး ကျန်ရစ်ခဲ့တဲ့အခြေအနေတွေကို လေ့လာတင်ပြဖို့အတွက် ဂွေခါကျေးရွာကို သွားရောက်ခဲ့ပါတယ်။
ဒို့အသံအစီအစဉ်ဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေကို တင်ဆက် ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ နိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေက တင်ဆက်ထားတာဖြစ်ပါတယ်။ ဒို့အသံအစီအစဉ် ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။