မန္တလေးလူငယ်သင်တန်းကျောင်းမှာ ပြစ်ဒဏ်ကျခံနေရတဲ့ လူငယ်နှစ်ယောက်ဟာ ထွက်ပြေးဖို့ကြိုးစားရင်း ပြန်လည်ဖမ်းဆီးခံရစဉ် နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ သင်တန်းကတခြားလူငယ်တွေနဲ့ ဆရာတွေက အဲ့ဒီလူငယ်နှစ်ယောက်ကို သေဆုံးတဲ့အထိ ရိုက်နှက်ခံခဲ့ရတာကို မကာကွယ်ပေးခဲ့ဘူးလို့ မိဘတွေကသင်တန်းကျောင်းကို စွပ်စွဲပြောဆိုထားပါတယ်။ အခုတော့သူတို့ဟာ လူငယ်နှစ်ယောက်အတွက် တရားမျှတမှုကိုရှာဖွေ နေကြပါပြီ။ ဒီအကြောင်းကို အခုတစ်ပတ် ဒို့အသံအပတ်စဉ် ပေါ့ဒ်ကတ် အစီအစဉ်မှာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒို့အသံအစီအစဉ်ဟာမြန်မာနိုင်ငံတစ်ဝန်းက လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ နိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေက တင်ဆက်ထားတာဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာနယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။