Episode 140: တနင်္သာရီအရပ်က သဲမြေတိုက်ပွဲ

တနင်္သာရီတိုင်းဒေသကြီး အလယ်မန်ကျွန်းက အလယ်မန်ရွာဟောင်းဒေသခံတွေဟာ သူတို့မြေတွေအားလုံးကို အစိုးရဝန်ကြီးဌာနတစ်ခုက မကြာသေးခင်က သိမ်းယူလိုက်ပြီဆိုတာ သိခဲ့ရပါတယ်။ ဖန်ချက်စက်ရုံမှာ အသုံးပြုမယ့်ကုန်ကြမ်းအဖြစ် သဲထုတ်ယူတူးဖော်ခွင့်ပြုလိုက်တဲ့အတွက် အလယ်မန်ရွာဟောင်းဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ကုန်ပါတယ်။ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကတော့ ရွာသားတွေသူတို့မြေပေါ်မှာ ဆက်လက်နေထိုင်ခွင့်ရဖို့ ကူညီပေးနေပါတယ်။ ဒီအကြောင်းကို အခုတစ်ပတ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒို့အသံအစီအစဉ်ဟာမြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေကို တင်ဆက် ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့နိုင်ငံတဝှမ်းက မိတ်ဖက်မီဒီယာတွေက တင်ဆက်ထားတာဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။

သတင်း – မင်းခန့်

(မင်းခန့်သည် ၂၀၀၉မှစ၍ လူထုအခြေပြုအလွတ်တန်းသတင်းသမား (Citizen Journalist) တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၅မှ လက်ရှိအချိန်အထိ ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာန၏ ပြင်ပသတင်းဆောင်းပါးရှင်တစ်ဦးအဖြစ် ရေးသားလျက်ရှိသည်။)

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.