မင်္ဂလာပါရှင်။
Frontier Myanmar က အပတ်စဉ် ထုတ်လွှင့်နေတဲ့ ဒို့အသံ အစီစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်မကတော့ ဇာနည်ပါ။
ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေနဲ့ ပတ်သက်ပြီး ဒို့အသံကနေ တင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းက နိုင်ငံတကာရဲ့ အာရုံစိုက်မှု အများဆုံးခံခဲ့ရသလို ဝေဖန်မှုတွေလည်း အများကြီး ရရှိခဲ့ပါတယ်။
သူတို့နှစ်ဦးကို ရုံးထုတ်လာတဲ့အချိန်မှာ သူတို့ရဲ့မိသားစုတွေနဲ့ ကလေးတွေ ငိုနေကြပေမဲ့ လက်ထိပ်ခတ်ခံထားရတဲ့ ဂျာနယ်လစ်တွေဖြစ်တဲ့ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကတော့ သူတို့မှာ အပြစ်မရှိဘူးလို့ ခံယူနေဆဲပါ။ သတင်းထောက်တွေနဲ့ လုံခြုံရေးအရာရှိတွေကြားက ဒီဂုဏ်သိက္ခာရှိ လူငယ်လေးတွေက သူတို့အဆင်ပြေကြောင်း၊ ဒါပေမဲ့ သူတို့ကိုအကျဉ်းချထားဟာ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို တားဆီးဖို့ တရားမျှတမှုမရှိတဲ့ လုပ်ဆောင်ချက်သာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အဖမ်ခံရတာ လက်ရှိမြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်ကို ပြသလျက်ရှိပါတယ်။ စစ်အာဏာရှင်ခေတ်ကတည်းက နက်ရှိုင်းစွာအမြစ်တွယ်လာခဲ့တဲ့ စာနယ်ဇင်းတွေအပေါ် အကြောက်တရားက မီဒီယာအသစ်တွေ နိုင်ငံတကာမီဒီယာ အဖွဲ့အစည်းတွေ ရောက်လာချိန်မှာတော့ စိုးရိမ်စရာတွေပေါင်းစုလာတဲ့ အနေအထားတစ်ခုဆီကို ဦးတည်လာတယ်ဆိုတာကို တင်ဆက်ထားပါတယ်။