Episode 130: မျက်မမြင်အနှိပ်သမားများအတွက် ကိုဗစ်ကာလစိန်ခေါ်မှု

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ရပါတယ်။ အဲဒီထိခိုက်ခံနေရတဲ့ အုပ်စုထဲမှာ မသန်စွမ်းသူတွေက ဝန်ဆောင်မှုပေးနေကြတဲ့ မျက်မမြင်အနှိပ်ခန်းတွေလည်း ပါဝင်ပါတယ်။ အဲဒီလိုအနှိပ်ခန်းတွေရဲ့ ဝင်ငွေတွေမရှိတော့တဲ့အတွက် ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းနေလဲ ဆိုတာကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာရှိတဲ့ ရောင်ခြည်သစ် ပရဟိတ မျက်မမြင်ကျောင်းမှာ နေထိုင်ကြသူတွေကို မေးမြန်းခဲ့ပါတယ်။

ဒို့အသံအစီအစဉ်က မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အပတ်စဉ်တင်ဆက်ပေးနေတဲ့ ပေါ့ကတ်စ်အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့က ပံ့ပိုးပေးတာဖြစ်ပြီး ဖောင်ဒေးရှင်းဟီရွှန်ဒဲလ်နဲ့ ပူးပေါင်းတင်ဆက်တာဖြစ်ပါတယ်။