မင်္ဂလာပါရှင်။
ၤFrontier Myanmar ကအပတ်စဉ် ထုတ်လွှင့်နေတဲ့ ဒို့အသံ အစီအစဉ်ကနေ ကြိုဆိုပါတယ်။
ပြည်တွင်းမှာ ပထမဆုံးတင်ဆက်တဲ့ အွန်လိုင်းအသံလွှင့် အစီအစဉ်တစ်ခုဖြစ်ပြီးတော့ ဒီအစီအစဉ်ကနေ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်ရေး အကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ပြသွားမှာ ဖြစ်ပါတယ်။
ယခုတစ်ပတ် အစီအစဉ်မှာတော့ အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်မှုနဲ့ပတ်သက်ပြီး တင်ပြလိုပါတယ်။
အနည်းအခကြေးငွေကို ယခင် ၃,၆၀၀ ကျပ်ကနေ ၄,၈၀၀ ကျပ် ကို တိုးမြှင့်သတ်မှတ်ဖို့အတွက် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ပြီးခဲ့တဲ့လမှာ အဆိုပြုခဲ့ပါတယ်။
ကုန်ဈေးနှုန်းမြင့်တင်လာမှုတွေကြောင့် အဆိုနှုန်းထားနဲ့ လုံလောက်မှုမရှိဘူးလို့လည်း ပြည်သူတွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။
မိသားစုရဲ့စားဝတ်နေရေးအတွက်ကိုတောင် ရုန်းကန်နေရတဲ့အတွက် အခုထက် ပိုမိုတိုးမြှင့်ပေးဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုက်တွန်းလိုတယ်လို့ အလုပ်သမားတွေက ဒို့အသံကို ပြောကြားထားပါတယ်။